၁၁။ The Unexpected: Breakthrough Strategies to Supercharge Your Business and Earn Loyal Customers for Life
ရေးသားသူ – Howard Brodsky
“ဒီစာအုပ်ဟာ Customer service နဲ့ပတ်သက်ပြီး ကျွန်တော်တို့ သွားနေတဲ့ပုံစံကို အခြေခံပြောင်းလဲပေးပါတယ်။ Customer တွေရဲ့ လိုအပ်ချက်ကို ပြည့်မီအောင် လုပ်ဆောင်ပေးခြင်းမဟုတ်ပါဘူး။ သူတို့ မျှော်မှန်းတာထက် ပိုပြီးတော့တောင် ပေးခြင်း ဖြစ်ပါတယ်။
၁၂။ Top of Mind: Use Content to Unleash Your Influence and Engage Those Who Matter To You ရေးသားသူ – John Hall
“မဟာဗျူဟာမြောက်ကနေ သာမန်အထိ ကျွန်တော်တို့ရဲ့ ထင်မြင်ချက်တွေနဲ့ ဆုံးဖြတ်ချက်များစွာဟာ ကျွန်တော်တို့ရဲ့ သိစိတ်တွေကနေ ချက်ချင်း ခေါ်ယူနိုင်တဲ့ အချက်အလက်တွေဖြစ်ပါတယ်” လို့ Hall က သူ့ရဲ့စာအုပ် မိတ်ဆက်မှာ ဖော်ပြထားပါတယ်။ “ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ကျွန်တော်တို့ရဲ့ ကွန်ရက်တွေထဲက လူတွေအကြားမှာ ကျွန်တော်တို့က အရေးကြီးတဲ့ အယူအဆတွေကို စိစစ်ခြင်းအားဖြင့် အောင်မြင်မှုအတွက် ကျွန်တော်တို့ကိုယ်တိုင် နေရာချရပါတယ်။” Customer တွေ ဘယ်လို ပြောင်းလဲခဲ့သလဲ၊ ယုံကြည်မှု တည်ဆောက်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့အရာတွေ၊ ပွင့်လင်းမြင်သာမှုနဲ့ တစ်သမတ်တည်းဖြစ်ခြင်းဟာ လူတွေရဲ့ ဦးနှောက်တွေထဲမှ စွဲမြဲနေစေဖို့အတွက် အုတ်မြစ်တွေဖြစ်တယ်ဆိုတာကို လေ့လာရပါမယ်။
၁၃။ Giftology: The Art and Science of Using Gifts to Cut Through the Noise, Increase Referrals, and Strengthen Retention
ရေးသားသူ – John Rulin
၁၄။ Give and Take: Why Helping Others Drives Our Success
ရေးသားသူ – Adam Grant
စဉ်းစဉ်းစားစား လုပ်ကိုင်တတ်ဖို့ အကူအညီပေးရာမှာ Marketer တစ်ယောက်ရဲ့ စိတ်နေသဘောထားကို ပြောင်းလဲစေတဲ့ အကောင်းဆုံးစာအုပ် နှစ်အုပ်ဖြစ်ပါတယ်။ ဒီအချက်ဟာ အောင်မြင်တဲ့ Marketer တစ်ယောက်မှာ အဓိက ထူးခြားတဲ့အချက်ဖြစ်ပါတယ်။
၁၅။ Powering Content: Building a Nonstop Content Marketing Machine
ရေးသားသူ – Laura Busche
ဒီနေ့ခေတ်မှာ Content Marketing ဟာ အရင်ကလောက် ဆန်းပြားတဲ့အရာ မဟုတ်တော့ပါဘူး။ လုပ်ငန်းကျွမ်းကျင်သူ အများစုဟာ Content Marketing ဆိုတာဘာ၊ ဘာလို့အရေးကြီးသလဲဆိုတာကို ခိုင်ခိုင်မာမာ နားလည်နေကြပါပြီ။ ဒါပေမဲ့ အဓိကနောက်ခံပြုထားတဲ့ ဗျူဟာကို အဖွဲ့အစည်းအတော်များများမှာ လွဲချော်နေဆဲ ဖြစ်ပါတယ်။ နာမည်ကြီး Branding Expert ဖြစ်တဲ့ Busche ဟာ ရေရှည်တည်တံ့တဲ့ Marketing တစ်ခု တည်ဆောက်ဖို့ ထိရောက်တဲ့ Content Creation နဲ့ Management တွေရဲ့ နမူနာတွေပေးပါတယ်။
၁၆။ Consumer Behavior: Building Marketing Strategy
ရေးသားသူ – Delbert Hawkins နှင့် David Mothersbaugh
ကျွန်တော့်ရဲ့ အသက်မွေးလုပ်ငန်းမှာ စီးပွားရေးစာအုပ်တွေကို ဖတ်နေချိန်မှာ ဘယ်စာအုပ်ကမှ Hawkins နဲ့ Mothersbaugh တို့ရဲ့ Consumer Behavior စာအုပ်လို မားကက်တင်းနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ အမြင်ကို လမ်းကြောင်းမပေးခဲ့ပါဘူး။ ကြော်ငြာလှုံ့ဆော်မှုတွေ၊ ပတ်ဝန်းကျင်ဆိုင်ရာ လွှမ်းမိုးမှုတွေနဲ့ ကိုယ်ရည်ကိုယ်သွေး လက္ခဏာရပ်တွေနဲ့ အပြန်အလှန်ဆောင်ရွက်ရချိန်မှာ စိတ်ဝင်စားစရာကောင်းတဲ့ နမူနာတွေ Visual တွေနဲ့ ဒီစာအုပ်မှာ ပြည့်နှက်နေပါတယ်။
၁၇။ Crisis Ready: Building an Invincible Brand in an Uncertain World
ရေးသားသူ – Melissa Agnes
Marketer တွေဟာ PR နဲ့ Crisis Management ကို ဆောင်ရွက်ရတဲ့ခေတ်မှာ ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ ဥပဒေသတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုဟာ အရေးကြီးပါတယ်။ Agnes ဟာ အပျက်သဘောဆောင်တဲ့ ဖြစ်ရပ်တွေကို ပြန်လည်တုံ့ပြန်ဖို့ Focus မထားပါဘူး။ အဲဒီအစား ဖြစ်လာမှ တုံ့ပြန်ခြင်းထက် ဖြစ်အောင်အခြေအနေကို ဖန်တီးခြင်းအပေါ်မှာ အလေးထားပါတယ်။ ဒါမှ ကျွန်တော်တို့ လုပ်ငန်းတွေဟာ ဖြစ်ပေါ်နိုင်တဲ့ ပြဿနာတွေကို မျှော်မှန်းထားနိုင်ပြီး ဒီပြဿနာတွေ ရောက်လာတဲ့အချိန်မှာ သေချာပေါက် ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
၁၈။ Exactly What to Say: The Magic Words for Influence and Impact
ရေးသားသူ – Phil M. Jones
ဘယ်လိုစကားမျိုးကို ပြောရမလဲ၊ ဘယ်အချိန်မှာ အရေးကြီးဆုံးဖြစ်သလဲဆိုတာတဲ့ အထောက်အကူပေးတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်အတွင်းမှာ Phil M. Jones မျှဝေထားတဲ့ စကားတွေဟာ Influence၊ Action နဲ့ ဃonversion မြင့်တက်စေဖို့ မားကက်တင်းမက်ဆေ့ချ်တွေမှာ တိုက်ရိုက် အသုံးပြုနိုင်ပါတယ်။
၁၉။ Brand Now: How to Stand Out in a Crowded, Distracted World
ရေးသားသူ – Nick Westergaard
Branding ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကနဲ့နှိုင်းယှဉ်ရင် ယနေ့ခေတ်မှာ ပြောင်းလဲနေပါပြီ။ Brand Strategist ဖြစ်သူ Westergaard ဟာ Attention ရယူဖို့ လုပ်ဆောင်ရမယ့်အရာနဲ့ ပတ်သက်တဲ့ သူ့ရဲ့အတွေးအခေါ်ကို မျှဝေထားပါတယ်။
၂၀။ Permission Marketing: Turning Strangers into Friends and Friends into Customers
ရေးသားသူ – Seth Godin
ဒီစာအုပ်ဟာ နှစ်၂၀နီးပါးသက်တမ်းရှိပြီဆိုတာ မယုံနိုင်စရာပါပဲ။ Seth Godin ရဲ့ ဒီစာအုပ်ဟာ ဒစ်ဂျစ်တယ်ခေတ်မှာ မားကက်တင်းကဏ္ဍကို ပြောင်းလဲလိုက်တဲ့ ပထမဆုံးစာအုပ်အနက်တစ်အုပ် ဖြစ်ပါတယ်။