8 Things Sales Managers Should Stop Doing – II

၅။ မပြတ်မသား ပြောဆိုဆက်ဆံတာ

အောင်မြင်တဲ့အရောင်းသမား တစ်ယောက်ဖြစ်ဖို့အတွက် ပြောဆိုဆက်ဆံခြင်းက အဓိကပါပဲ။ ဒါပေမဲ့လည်း Quality အတွက် ရှည်ရှည်ဝေးဝေးတွေ အများကြီးပြောဆိုဆက်ဆံနေတာမျိုး မလုပ်သင့်ပါဘူး။ တချို့မန်နေဂျာတွေက သူတို့ရဲ့ Representative တွေကို စစ်ဆေးမေးမြန်းတဲ့ အီးမေးလ်တွေကို ပုံမှန်ပို့ပြီး ဆက်သွယ်ဖို့ကို စိတ်အားထက်သန်ကြပါတယ်။ တစ်ခါတလေမှာတော့ အီးမေးလ်တွေက အရမ်းရှည်လွန်းနေပြီး တိကျရှင်းလင်းတဲ့ ရည်ရွယ်ချက်လည်း မရှိပါဘူး။
သင့်ရဲ့ Sales Representative တွေအနေနဲ့ လုံလောက်တဲ့မေးလ်တွေ လက်ခံရရှိနေပြီးသားပါ။ အဲဒီအတွက် သင်ပို့လိုက်တဲ့မေးလ်တိုင်းမှာ သူတို့အတွက် တိကျရှင်းလင်းတဲ့ Value တွေ ထည့်ရေးပေးသင့်ပါတယ်။ သင့်ရဲ့ ဆက်သွယ်မှုပုံစံက လိုရင်းတိုရှင်းနဲ့ ပြောချင်တာက ဘာဆိုတာ သေချာသိရအောင် လုပ်ဆောင်ပါ။ အီးမေးလ်တွေကနေပဲ အပြန်အလှန် Mail တွေပို့ ဆက်သွယ်နေတာကို ရှောင်ကြဉ်ပါ။ တစ်ခါတလေမှာ မျက်နှာချင်းဆိုင် Meeting တွေလုပ်တာက ပိုကောင်းပါတယ်။
မှတ်ထားရမှာက အီးမေးလ်ဆိုတာကလည်း ဆက်သွယ်ဖို့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။ ဒါကို ကောင်းကောင်း အသုံးပြုတတ်မယ်ဆိုရင် သင့်ရဲ့ Representative တွေကလည်း ချီးကျူးမှာပါ။

၆။ မျှော်မှန်းချက်တွေထက် အလုပ်တွေကို စီမံခန့်ခွဲတာ

သင့်ရဲ့ Representative တွေအနေနဲ့ သင့်ဆီကို ပြဿနာအကြီးတွေရော၊ အသေးတွေနဲ့ရော လာလေ့ရှိပါတယ်။ ဒါကကောင်းပါတယ်၊ ဒါပေမဲ့ သင်ဘယ်လို တုံ့ပြန်မယ်ဆိုတာကို ဂရုစိုက်ရပါမယ်။ မှတ်ထားပါ။ သင့်ရဲ့ရည်ရွယ်ချက်က ပြဿနာကို ချက်ချင်းဖြေရှင်းပေးရုံပဲ မဟုတ်ပါဘူး။ သင့်ရဲ့ Representative တွေကိုပိုပြီး ကျွမ်းကျင်လာအောင် လေ့ကျင့်ပေးပြီး သူတို့ရဲ့ အရောင်းနဲ့ ပတ်သက်တဲ့ စွမ်းရည်တွေ ပိုမိုတိုးတက်လာအောင် လေ့ကျင့်ပေးဖို့ ဖြစ်ပါတယ်။
တစ်ယောက်ယောက်က သင့်ဆီကို ပြဿနာတွေနဲ့ လာတဲ့အခါမှာ သေချာဂရုစိုက်ပြီး နားထောင်ပါ။ ဒါပေမဲ့ Representative တွေအနေနဲ့ လုပ်သင့်တဲ့အချက်တွေ အများကြီးကို ချက်ချင်း ပြန်ပြောလိုက်တာမျိုးကို ရှောင်ရှားပေးပါ။ အဲဒီအစား ဘယ်လိုဖြေရှင်းဖို့ စဉ်းစားထားတယ် ဆိုတာမျိုးကိုမေးပါ။ အဲဒီလို ဖြေရှင်းလိုက်ရင် ရရှိလာမယ့်ကောင်းကျိုးနဲ့ ဆိုးကျိုးကို မေးပေးပါ။
ဒီနည်းလမ်းက Sales Representative တစ်ယောက်ချင်းစီရဲ့ အရည်အသွေးကို တိုးတက်လာစေပါတယ်။

၇။ Sales Representative တစ်ယောက်ချင်းစီကို လမ်းညွှန်မှုပေးဖို့ ပျက်ကွက်တာ

Sales Representative တွေ တစ်ယောက်ချင်းစီနဲ့ Meeting တွေလုပ်ပြီး တွေ့ပေးတာက ကောင်းပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ တိုက်ရိုက်လမ်းညွှန်ပေးမှုတွေက ပိုပြီးအကူအညီ ထောက်ပံ့ပေးရာ ကျပါတယ်။ သင့်ရဲ့ အရောင်းအတွက် အချိန်တစ်ခု သတ်မှတ်ထားပြီး သင့်ရဲ့ Sales Representative တွေဘယ်လို လုပ်ဆောင်နေတယ်ဆိုတာကိုလည်း လေ့လာပါ။ ဒီလိုမျိုး လေ့လာမှုတွေကနေ ပြန်ရတဲ့ Feedback က အစားထိုးလို့ မရပါဘူး။

၈။ သင့်ရဲ့ Team Member တွေအတွက် မဖြစ်နိုင်တဲ့ မျှော်မှန်းချက်တွေ ချမှတ်တာ

မျှော်မှန်းချက် မြင့်မြင့်တွေထားတာက Motivation ကို ရစေနိုင်ပါတယ်။ ဒါပေမဲ့ High Expectation တွေ အရမ်းများလာက မဖြစ်နိုင်တာတွေ များလာစေပါတယ်။ တချို့မန်နေဂျာတွေက Sales Representative တွေရဲ့ အမှားတွေကို အပြစ်တင်တတ်ကြပါတယ်။ သင့် Team Member တွေရဲ့ ယုံကြည်မှုကို ရရှိဖို့အတွက် သိထားရမှာက ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး ။ အဲဒါကြောင့် ဖြစ်နိုင်တဲ့ မျှော်မှန်းချက်တွေကို ချမှတ်ပါ။
တကယ်လို့ သင်က ဒီလိုအမှားတွေကို ရှောင်ရှားနိုင်မယ်ဆိုရင်တော့ သင့်ရဲ့ Team ကို အများကြီး အထောက်အကူ ပြုစေနိုင်မှာပါ။

Ref  ; blog.closeriq.com

Share this post

Share on facebook
Share on twitter
Share on linkedin

သင့်အတွက် ဆက်စပ် ဖတ်စရာများ