Sales and Marketing ဆိုင်ရာ စီးပွားရေး ပညာရပ်များကို လစဉ်သင်တန်းများဖြင့် လေ့ကျင့်သင်ကြားပို့ချပေးနေရာမှ 2019 March လ 1 ရက်နေ့ မှစတင်ပြီး 1 လလျှင် 5000 ကျပ်ဖြင့် နေ့စဉ်သင်ကြားပေးသည့် အွန်လိုင်း သင်ကြားမှုပုံစံအဖြစ်သို့ အသွင်ပြောင်းပြီး သင်တန်းသားပေါင်း 1300 ကျော်ဖြင့် စတင်ခဲ့ပါသည်။
2020 မှာတော့ ယခင် အွန်လိုင်း သင်ကြားရေးအစီအစဉ် အား အဆင့်မြှင့်တင်ပြီး mLearn Online Learning အဖြစ် Website မှသင်ကြားပို့ချပေးသွားမည်ဖြစ်ပါသည်။
ဆရာ ဦးတင်ဇံကျော် သည်
1990 မှ 2004 ခုနှစ်အထိ Pepsi Cola Product Myanmar Limited တွင် အရောင်းသမား ဘ၀မှ General Manager အထိ အဆင့်ဆင့် ဖြတ်သန်းခဲ့ပြီး Sales and Marketing အတွေ့အကြုံ များစွာရှိသော ဆရာဖြစ်ပါသည်။
ဆရာ ဦးတင်ဇံကျော် သည်
2005 ခုနှစ်တွင် Device Services Company Limited အားတည်ထောင်ခဲ့ပြီး
Company ကြီးများအား စီးပွားရေးဆိုင်ရာ အတိုင်ပင်ခံခြင်း၊ လုပ်ငန်းခွင်လက်တွေ့အသုံးချစီးပွားရေး စီမံခန့်ခွဲမှုသင်တန်းများ သင်ကြားပေးခြင်း များလုပ်ဆောင်ပေးသည့် အပြင် စီးပွားရေးဆိုင်ရာ အခမဲ့ ဟောပြောပွဲများအား မြန်မာနိုင်ငံ မြို့ကြီးများတွင် သင်ကြားပို့ချပေးနေသူဖြစ်ပါသည်။